Wednesday, August 31, 2011

သရက်သီးငပိကြော်


မနေ့က သရက်သီးငပိကြော်လေးကြော်ဖြစ်တယ်.. ထုံးစံအတိုင်း မျက်နှာစာအုပ်မှာတင်မိတော့ ချက်နည်းလေးမေးထားတဲ့သူတွေရှိတာနဲ့ ဘလော့မှာရေးဦးမှလို့ အကြံရသွားတယ်.. သိချင်သူတွေလဲ သိရအောင်ပေါ့.. ဘာမှခက်တာတော့မဟုတ်ပါဘူး.. လွယ်လွယ်လေးရယ်..

ပါဝင်သောပစ္စည်းများ

သရက်သီးအလတ်စားတစ်လုံး (ချဉ်လေကောင်းလေ)
ဆီ ၂ကျပ်ခွဲသားခန့်
ကြက်သွန်နီ ၁ဥ (အကြီး)
ပုဇွန်ခြောက်မှုန့် လက်တစ်ဆုပ်ခန့်
ငပိစိမ်းစား ကွမ်းသီးလုံးခန့်
ငရုတ်သီးခွဲခြမ်း စားပွဲဇွန်း ၂ဇွန်းမောက်မောက်
ငရုတ်သီးစိမ်း ၇တောင့်
ဆား ဆနွင်း ဟင်းခတ်မှုန့် ငံပြာရည် အနည်းငယ်စီ

သရက်သီးကို အခွံခွာပြီး အမျှင်လေးတွေဖြစ်အောင် အရင်ခြစ်ထားရပါမယ်.. အိုးထဲကို ဆီထည့်ပြီးတည်.. ဆီပူလာရင် ဆနွင်းမှုန့် ကြက်သွန်နီပါးပါးလှီးထားတာထည့်ပြီး ဆီသတ်ပါတယ်.. ကြက်သွန်နည်းနည်းနွမ်းလာရင် ငရုတ်သီးခွဲခြမ်းပါထည့်ပြီး အဆက်မပြတ်မွှေပေးပါ.. ငရုတ်သီးစိမ်းကိုလဲ ညှပ်ထည့်ပါတယ်.. စိမ်းနံ့ပျောက်သွားရင် ငံပြာရည်နည်းနည်းလောင်းပြီး ပုဇွန်ခြောက်လေးပါ ရောထည့်ပါတယ်.. ဆီပြန်လာတဲ့အခါ ခြစ်ထားတဲ့သရက်သီးတွေထည့်ပြီး မွှေပေးပါ.. ငပိစိမ်းစားကိုလဲ ရေဖျော်ပြီး လောင်းထည့်ပါတယ်.. ပေါ့အငန်မြည်းပြီး ဆားနည်းနည်း ဟင်းခတ်မှုန့်နည်းနည်းလဲ ထည့်ရပါတယ်.. သရက်သီးတွေအိသွားပြီး ဆီပြန်လာရင်တော့ အနံ့အရသာနဲ့ပြည့်စုံပြီး ထမင်းမြိန်စေမယ့် သရက်သီးငပိကြော်လေးတခွက် ရပါပြီရှင်..း)



3 comments:

  1. ထူးထူးဆန်းဆန်းလေးတွေ အရသာရှိတာလေးတွေဆိုရင်
    အကုန်ကြိုက်တယ်...သေချာရှင်းပြထားလို့ကျေးဇူးတင်ပါတယ်
    ဘလော့တွေလည်ရင်းတွေ့လို့ဝင်လာတာပါ
    ခင်မင်တဲ့ jasmine

    ReplyDelete
  2. သရပ်သီးငပိကြော်စားကြည့်ပါအုံးမယ်နော်.... ပူးပူးတခါမှမကြော်စားဖြစ်ဘူး
    သေချာသိရလို့ကျေးဇူးနော်... ခင်မင်တဲ့ ပူးပူး

    ReplyDelete
  3. It looks really delicious, mouth-watering :)) Looking forward to read more of Myue Myue cooking.

    ReplyDelete