Monday, October 8, 2012

ကြက်သားနဲ့မုန်လာဥ အစပ်ချက်



လိုအပ်သမျှ

ကြက်သား
မုန်လာဥ
ငရုတ်သီးစိမ်း
ငပိစိမ်းစား
နနွင်းမှုန့်
ကြက်သွန်နီ
ဆီ
နံနံပင်

ကြက်သားတွေကို အနေတော်အတုံးကလေးတွေတုံးပြီး ဆားနနွင်းနယ်ထားပါ.. မုန်လာဥကို လေးထောင့်တုံးလေးတွေ လှီးထားပါ.. ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကို ရောထောင်းထားပါ.. အားလုံးအဆင်သင့်ဖြစ်ရင် အိုးတလုံးထဲကို အားလုံးရောထည့် ငပိစမ်းစားနည်းနည်း ဆီနည်းနည်းထည့်ပြီး တည်ပါ.. တဆစ်ဆစ်မြည်လာရင် ရေသင့်ယုံထည့်ပြီး အပေါ့အငန်အတွက် ဆားထည့်ပါ.. ကြက်သားနဲ့မုန်လာဥက အတူတူလောက်နူးပါတယ်.. အဲသည်တော့မှ  နံနံပင်လေး  အုပ်ပေးပါ..

ကျန်းမာရေနဲ့ညီညွတ်ပြီး ခံတွင်းလိုက်စေမယ့် ကြက်သားမုန်လာဥ အစပ်ချက်လေး ရပါပြီ.. 

3 comments:

  1. ကြက်သားရောမုန်လာဥရောကြိုက်တယ် ဗိုက်ဆာလိုက်တာ

    ReplyDelete
  2. ကြက်သားမုံလာဥအစပ်ချက်လေး
    အားပေးသွားပါတယ်။
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  3. မမရေ…ဟင်းချက်နည်းတွေတင်ပေးတဲ့အတွက် ကျေးဇူးပါ
    BTW, Chaw Su’s Food Frineds Site ကို ၀င်လို့ မရတော့လို့ 
    မမ မှာ Site အသစ်အတွက် Address လေးများရှိရင် Share ပေးပါဦးနော်
    မြတ် mail address က minminmyat05@gmail.com ပါ

    ReplyDelete