Friday, May 1, 2020

အုန်းနို့ခောက်ဆွဲ

ကိုယ်ချက်တဲ့ အုန်းနို့ခေါက်ဆွဲဆို ကိုယ့်ကျားကျားက သိပ်ကြိုက်တာ.. လွယ်ကူပြီး အရသာရှိတာမို့ ကျားကျားတောင်းဆိုတိုင်း ခဏခဏချက်ဖြစ်ပါတယ်..

လိုအပ်သမျှ

အုန်းနို့
ပဲမှုန့်အစိမ်း
ကြက်သား ကြက်ရိုး
ဂျုံခေါက်ဆွဲ
ကြက်သွန် ဖြူ နီ ချင်း
အရောင်တင်မှုန့် နနွင်းမှုန့်
ငံပြာရည် ဆား သကြား

ပထမဦးစွာ ကြက်ရိုးတွေကို ငံပြာရည် နည်းနည်းထည့်ပြီး ပြုတ်ပါတယ်... ကြက်သားတွေကို အတုံးသေးသေးတွေ တုံးထားပြီး ကြက်သွန် ဖြူနီ ချင်းတွေထောင်း အရောင်တင်မှုန့် နနွင်းမှုန့်တွေနဲ့ ဆီသတ် အရသာအတွက် ဆား ငံပြာရည်ထည့်ပါတယ် အသားတွေနူးလောက်ရင် အုန်းနို့ထည့်ချက်ပါတယ်... ပဲမှုန့်အစိမ်းကို ရေနဲ့ဖျော်ပြီး အရိုးပြုတ်အိုးထဲ လောင်းထည့်ပြီး စိမ်းနံ့ပျောက်တဲ့အထိ ကျိုပါတယ်.. ပဲစိမ်းနံ့ပျောက်ရင် ကြက်သားချက်ထားတာကို ထည့်ချက်ပါတယ်.. ကြက်သွန်နီဥသေးသေးတွေထည့် ကြက်ဥ့ပြုတ်ပါးပါးလှီးထည့်ပြီး ခပ်ကြာကြာလေး တည်ထားလိုက်ရင် ရပါပြီ.. အချိုကြိုက်ရင် သကြားထည့်ပါ.. ကြက်သွန်နီ ပါးပါးလှီးထားတာနဲ့ အကြွပ်ကြော် ငရုတ်သီးမှုန့်ထည့်စား ရှောက်ရည်လေးဖြန်းတော့ အအီပြေပါတယ်နော်..



No comments:

Post a Comment