Monday, September 10, 2012

ငါးသလဲထိုးအိုးကပ်

အရင်တစ်ပတ်က ဖဘမှာ သူများချက်စားတာမြင်လို့ လိုက်ချက်ဖြစ်သွားတာလေးပါ.. ကျားကျားကတော့ အကြွပ်ကြော်ကို ပိုကြိုက်တယ်.. အကြွပ်ကြော်က ဟင်းမဖြစ်ဘူးလေ.. ကြော်ရင်းစားရင်းနဲ့ ကုန်ရော.. ဟင်းဖြစ်အောင် အိုးကပ်လေးချက်စားပါတယ်.. ပင်စိမ်းလေးအုပ်ရရင် ပိုမွှေးမှာ.. မရှိတော့လဲ ရှိတဲ့နံနံပင်လေးပဲ အုပ်ချက်လိုက်တယ်.. မွှေးတော့မွှေးသား..

လိုအပ်သမျှ

ငါးသလဲထိုး
ကြက်သွန်ဖြူ + နီ + ဂျင်း
ငရုတ်သီးအရောင်တင်မှုန့် + နနွင်းမှုန့်
ခရမ်းချဉ်သီး
နံနံပင်
ဆီ + ငံပြာရည်

ငါးသလဲထိုးကို ရေစင်စင်ဆေးပြီး ဆား နနွင်းနယ်ထားပါ.. ကြက်သွန်တွေ ဂျင်းတွေကို ညက်အောင်ထောင်းထားပါ.. အိုးထဲဆီထည့်ပြီး ဆီပူလာရင် ထောင်းထားတာတွေထည့်ပြီး ငရုတ်သီးမှုန့် နနွင်းတို့နဲ့ဆီသတ်ပါ.. အနံ့လေးမွှေးလာမှ ခရမ်းချဉ်သီးထည့်ပြီး ငံပြာရည်နည်းနည်းဖြန်းပေးပါ.. ခရမ်းချဉ်သီးတွေကြေသွားမှ ငါးနယ်ထားတာထည့်ပြီး ရေနည်းနည်းထည့်ပေးပါ.. အိုးကိုမွှေရင် ကြေတတ်လို့ လှုပ်ရုံလေးလှုပ်ပေးပါ.. ရေခမ်းလာရင် နံနံပင်အုပ်ပေးပါ.. မီးလျှော့ပြီး အိုးကပ်နံ့လေး မွှေးလာတဲ့အထိ တည်ပေးပါ.. ငါးသလဲထိုးအိုးကပ်ရပါပြီ..


3 comments:

  1. အရမ်းကြိုက်တယ် မြူးရေ

    ReplyDelete
  2. ဒီလိုဟင်းမျိုးမစားရတာ၊
    နှစ်ပေါင်းများစွာတောင်ကြာခဲ့ပြီ။
    အဖေအရမ်းကြိုက်တဲ့ဟင်းပေါ့။
    အဟဲ...သာရေလေးယိုပြီးပြန်သွားပြီနော်..:)))

    ReplyDelete
  3. ငသလဲထိုးအိုးကပ် အရမ်းကြိုက်တယ်... ချဉ်ပေါင်ဟင်းရည် ပြစ်ပြစ်လေးနဲ့များ စားလိုက်ရရင်ဖြင့်... ရှလွတ်..

    ReplyDelete