Monday, September 3, 2012

မြီးရှည်


လိုအပ်သမျှ

ဝက်နံရိုး
နန်းလတ်မုန့်ဖတ်
ပဲငပိ (အချို + အငံ)
ပဲငံပြာရည်အပျစ်
ဆီတိုဖူး
ရှမ်းချဉ်
ကြက်သွန်ဖြူ
ကော်မှုန့်
ငရုတ်သီးခွဲခြမ်း
နှမ်း
ပဲပုတ်ပြား


ပထမဆုံး ၀က်နံရိုးတွေကို ရေနွေးပူနဲ့ဆေးပြီး ပြုတ်ပါမယ်.. ကြက်သွန်ဖြူကို ညက်ညက်ထောင်းပြီး ရေနွေးလောင်းထည့် ဆားနည်းနည်းထည့်ပြီး ဖျော်ထားပါ.. ဆီတိုဖူးကိုလဲ ရေနွေးနဲ့ဖျော်ထားရပါမယ်.. ပဲငပိကို အချိုနဲ့အငံရောဖျော်ထားပေးပါ.. ရှမ်းချဉ်တွေကို ပါးပါးစဉ်းထားပါတယ်.. ပဲပုတ်ပြားကို မီးကင်ပြီး ညက်အောင်ထောင်းထားပါတယ်.. ငရုတ်သီးခွဲခြမ်းနဲ့ နှမ်းကို ဆီပူလောင်းပြီး တစ်ခွက်စီပြင်ထားပါ.. ကော်ရည်ကျိုထားပါ.. အားလုံးအဆင်သင့်ဖြစ်ရင် ၀က်နံရိုးတွေလဲ နူးလောက်ပြီလေ.. အသားနွှင်ပြီး ပြုတ်ရည်နည်းနည်းလောင်းထည့်ထားပါ.. ပြုတ်ရည်ထဲကို ဂျင်းနည်းနည်း လှီးထည့် ငရုတ်ကောင်းမှုန့်ဖြူးပါ.. လွယ်ကူမြန်ဆန်ခံတွင်းမြိန်စေမယ့် မြီးရှည်စားလို့ရပါပြီ..

1 comment:

  1. စားချင်လိုက်တာ ရှမ်းချဉ်လည်းမစားရတာကြာပေါ့ :(

    ReplyDelete