Sunday, August 26, 2012

အစုံသုပ်


ကျွန်မကျားကျားရဲ့ တောင်းဆိုချက်အရ လုပ်စားကြတဲ့ အစုံသုပ်ပါ.. အမယ်များလေ လက်ဝင်လေပေါ့..



လိုအပ်သမျှ

ဂျုံကြာဆန်၊ ဂျုံခေါက်ဆွဲ
ပဲပြား
ပဲပင်ပေါက်
သင်္ဘောသီး
ဂေါ်ဖီထုပ်
သခွားသီး
အာလူး
ကြက်သွန်ဖြူ+နီ
မကျည်းသီးမှည့်
ငံပြာရည်
ဆီ+နနွင်းမှုန့်+ငရုတ်သီးမှုန့်
ပဲမှုန့်
ပုဇွန်ခြောက်မှုန့်

ဂျုံကြာဆန်ကို ရေစိမ်ထားတုန်း သင်္ဘောသီးကိုခြစ်ထား.. ဂေါ်ဖီ၊ ကြက်သွန်နီ ပါးပါးလှီးထား.. ပဲပင်ပေါက်ကို ရေနွေးဖျောထားရပါမယ်.. အာလူးကိုတော့ပြုတ်ပြီးပါးပါးလှီး.. ပဲပြားကို ရွှေရောင်သန်းလာအောင် ကြော်ပြီးညှပ်ထားပါ.. ထမင်းနည်းနည်းကို ငရုတ်သီးရောင်တင်မှုန့် ဆီသတ်ထားတာလေးနဲ့ ဖွဖွနယ်ထားပါ.. ကြက်သွန်ဖြူထောင်းထားတာကို နနွင်းမှုန့်လေးနဲ့ ဆီချက်ဝါ၀ါလေး ချက်ထားပါ.. အချဉ်ရည်အတွက် မကျည်းသီးမှည့်ရေဖျော်ထားတာထဲ ကြက်သွန်ဖြူနည်းနည်းထောင်းထည့် ငရုတ်ဆီနည်းနည်းရောထည့်ပါတယ်.. ရေစိမ်ထားတဲ့ကြာဆန်ကို ပြုတ်ရပါမယ်.. ပဲမှုန့်တွေ ပုဇွန်ခြောက်မှုန့်တွေ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အသုပ်စုံစားလို့ရပါပြီ.. အစာပလာတွေအစုံထည့်ပြီး နှံ့အောင်နယ်လိုက်ရင် အိုကေပြီပေါ့.. ချဉ်ငံစပ် ကြိုက်သလိုသာသုပ်စားပေတော့.. ဟင်းခါးလေးနဲ့ဆို လိုက်မှလိုက်.. ကျွန်မကတော့ အိမ့်စည်းစိမ်အထုပ်ဖောက်ချက်ပြီး ဂေါ်ဖီခတ်လိုက်တယ်.. ကောင်းမှကောင်းနော်..

3 comments:

  1. မြူး၂ ရဲ့ ကျားကျား က အစုံသုပ် ကြိုက်တယ်ပေါ့ ..အိမ်က ကိုချစ်မောင်လဲ ကြိုက်တယ် အလုပ်ရှူပ်လို့သာ..

    ReplyDelete
  2. ဟုတ်တယ်အစ်မသန်.. သူက ပိတ်ရက်ဆို ထမင်းမစားချင်ဘူးတဲ့.. နောက်တပတ် ကြေးအိုးချက်ကျွေးရမယ်..း)

    ReplyDelete
  3. မော်လမြိုင်ဘက်ကရတဲ့ကျောက်ပွင့်လေးထည့်သုပ်မယ်

    ReplyDelete